Digital Mic ကိုရိုးရိုးမိုက်နဲ့အစားထိုးပုံ




ပုံနဲ့တကွပြန်တင်ပေးလိုက်ပါတယ် တနေ့ကသယ်ရင်တစ်ယောက်ပြောလို့တင်ဖြစ်သွားတာပါ
 Digital Mic ကိုဖြုတ်ပြီးအသစ်ထဲရင်အဆင်မပြေပါဘူး တပ်တဲ့နေရာမှာအပူခံတိတ်သုံးမှာရမှာပါ အပူခံတိတ်သုံးဒါမှာ 50% ပဲသေချာပါတယ်

အပူလွန်ပြီးပျက်သွားတာကများပါတယ် Digital Mic ကလဲဝယ်ရတာဈေးကြီးပါတယ် တစ်လုံးမရတစ်လုံးထည့်နေရင်ဆုံးရုံးမှုများသွားနိုင်ပါတယ်
မကိုက်ပါဘူး ဒါကြောင့်ရိုးရိုးမိုက်နဲ့အစားထိုးတာအကောင်းဆုံးပါပဲ အသံအရည်အသွေးလဲမကွာပါဘူး ကျနော်ပေးတဲ့နည်းအတိုင်းဆိုရင်ပေါ့


      ဒီအတိုင်းထည့်လဲရပါတယ် ဒါပေမဲ့ အသံတိုးမယ်အသံမကြည်တာတို့ဖြစ်တာပေါ့ အရင်ဆုံး Digital Mic ကိုဖြုတ်လိုက်ရင် ခဲငုတ် အပေါ်
သုံးငုတ်နဲ့အောက်နှစ်ငုတ်ရယ် အပေါက်လေးတစ်ပေါက်တွေ့ပါမယ် အဲအပေါက်ကအသံဝင်ပေါက်ဖြစ်တဲ့အတွက် ဇာဂနာအချွန်းနဲ့ထိုးချဲ့လိုက်
ပါ ပြီးရင်အောက်မှာပေးထားတဲ့ပုံအတိုင်းတစ်နည်းမကြည်ရင်တစ်နည်းလုပ်ပါ (ရီစ္စစတာ နဲ့နည်းကတော့အကောင်းဆုံးပါပဲ)
       ကြိုးဆက်ပြီးရင် Mic ကိုမှောက်ထားပြီးအပေါ်ကတိတ်ကပ်လိုက်ပါ အဆင်ပြေပါစေဗျာ.........


No comments:

Post a Comment

သိခဲ့သမျှမပျောက်ပျက်အောင်ပို့အဖြစ်နဲ့တင်ပြီးတစ်စုံတစ်ယောက်တွက်အကျိုးရှိခဲ့တယ်ဆို ရင် ကျေးဇူးမတင်ချင်နေပါစေ..ကိုယ်ကြောင့်အခက်
အခဲတစ်ခုကိုဖြေရှင်းနိုင်လိမ့်မယ်ဆိုတဲ့အသိနဲ့ကျေနပ်နေသူပါ