Facebook အကောင့်ကို Ooredoo/Telenor တို့နှင့်အလွယ်ဖွင့်မယ်

အခုတစ်လော Facebook အကောင့်လျှောက်နည်းတွေမေးများလာလို့ အခုမှစသုံးတဲ့သူတွေအတွက်
ကိုယ့်ဟာကိုလျှောက်တတ်အောင် ပို့စ်တင်ပေးလိုက်ပါတယ်..




အိုကေ စရအောင်..လျှောက်နည်းကအရမ်းကိုလွယ်ပါတယ်.....
နည်းလမ်းကနှစ်နည်းရှိတယ်၊ Gmail နဲ့တွဲလျှောက်တဲ့နည်းရယ် ဖုန်းနံပါတ်အတိုင်းလျှောက်တဲ့နည်းရယ်
ဆိုပြီးတော့ နှစ်နည်းရှိပါတယ်၊
အခု ဖုန်းနံပါတ်အတိုင်းလျှောက်တဲ့နည်းကိုပုံနဲ့တကွရှင်းပြသွားပါမယ်..
အရင်ဆုံးအောက်ကပေးထားတဲ့ လင့်ကနေ Facebook App ကိုဒေါင်းလွတ်ရယူလိုက်ပါ။
Install လုပ်ပြီးဖွင့်လိုက်ပါ..အောက်ပါပုံအတိုင်းပေါ့...

Download Here



ပြီးရင် Sign Up for Facebook ကိုနိမ့်ပါ..Review Our Terms Box တက်လာရင် OK ကိုရွေးပေးပါ၊
Join Facebook ပေါ်လာရင် Continue နိမ့်ပြီးဆက်သွားပါ၊


အခုက ဖုန်းနံပါတ်အတိုင်းလျှောက်မှာဖြစ်တဲ့အတွက် Use Your Mobile Number ကိုရွေးပေးပါ
Enter Your Mobile Number page ထဲကိုရောက်ရင် နိုင်ငံကုတ်မှာ +95 ဖြစ်နေရပါမယ်..
ပြီးရင် Phone Number နေရာမှာ မိမိကိုင်တဲ့ Ooredoo/Telenor Number  ကိုထည့်ပေးရပါမယ်၊
ဒီနေရာမှာပြောချင်တာက MPT / CDMA ဖုန်းတွေမရပါဘူး၊ဘာကြောင့်မရလဲဆိုတော့ အမှန်တိုင်ပြော
ရရင်တော့စုတ်ပြတ်သတ်နေလို့ပေါ့နော်.......
ဘယ်လိုတွေဖြည့်ရမလဲဆိုတော့အောက်ကပုံကိုကြည့်ပေးပါ...
 What's Your Name ? ကိုရောက်ပါမယ်..
ပထမကွပ်လပ်မှာ နာမည် တစ်ခု၊ဒုတိရကွပ်လပ်မှာ နာမည် တစ်ခုဖြည့်ပေးရပါမယ်၊မိမိအသုံးပြုမယ့်
Facebook Name ဖြစ်တာကြောင့် ကိုယ်လိုချင်တဲ့နာမည်ပဲထည့်ပါ၊ Name ပေါ်တဲ့အခါ တစ်ဆက်ထဲ
ပေါ်မှာမို့ (ဥပမာ မိမိက သက်ပိုင်ဦး လို့လိုချင်ရင် သက်ပိုင် ကိုတစ်ခု ဦး ကိုတစ်ခုဖြည့်ပေးရပါမယ်)
နောက်တစ်ခုကစဖွင့်တာမို့လျှောက်ရလွယ်အောင် အင်္ဂလိပ် နာမည်တွေပဲသုံးစေချင်ပါတယ်၊နောက်မှ
မိမိလိုချင်တဲ့နာမည်ကိုပြန်ပြောင်းကြပေါ့၊ကွပ်လပ်ဖြည့်ပြီးရင်တော့  Continue ကိုနိမ့်ပေးပါ၊
အောက်ကပုံအတိုင်းနော်...

Create a Password ကိုရောက်သွားပါမယ်..
ဒီနေရာမှာတော့မိမိမှတ်မိလွယ်တဲ့ နံပါတ်(သို့)စာသား ကိုထည့်ပေးရပါမယ်၊မိမိအကောင့်တစ်ခုလုံးရဲ့
လုံခြုံရေးကုတ်ဖြစ်တဲ့အတွက် တစ်ခြားသူသိလွယ်တဲ့ကုတ်တွေမထည့်ပါနဲ့၊မိမိလက်ရှိထည့်တဲ့ကုတ်မေ့သွား
ခဲ့ရင်လဲဒီအကောင့်ကိုသုံးလို့ရမှာမဟုတ်တော့ဘူးနော်၊သေချာမှတ်ထားဖို့လိုပါတယ်၊
ကွပ်လပ်ဖြည့်ပြီးရင်တော့  Continue ကိုနိမ့်ပေးပါ၊
အောက်ကပုံအတိုင်းနော်...

What's Your Birthday? ကိုရောက်ပါမယ်....
မိမိရဲ့မွေးသက္ကရာဇ်ကိုထည့်ပေးရပါမယ်၊ ခုနှစ်ကိုတော့ 18 နှစ်အထက်ဖြစ်အောင်ထည့်ပေးစေချင်ပါတယ်၊
ကွပ်လပ်ဖြည့်ပြီးရင်တော့  Continue ကိုနိမ့်ပေးပါ၊
အောက်ကပုံအတိုင်းနော်...

What's Your Gender? ကိုရောက်ပါမယ်.....
ယောင်္ကျာလား မိန်းမလား ရွေးပေးရပါမယ်၊သင့်က ယောင်္ကျာဆိုရင် Male / မိန်းမ ဆိုရင်တော့ Female
ကိုရွေးပေးရပါမယ်.....အခြောက်ကတော့မရှိဘူးနော်...ဟဲဟဲ

ပြီးရင်တော့  Continue ပေါ့


ဒီလိုလေးပေါ်ရင်တော့ လိုင်းကောင်းဖို့လိုတယ်နော် ခနတော့စောင့်ပေးရလိမ့်မယ်....
အဲအဆင့်လေးပြီးပြီးဆိုရင်တော့ သင့်အကောင့်ဖွင့်တာ ၈၀% လောက်အောင်မြင်သွားပါပြီး၊
အဲလိုမှမဟုတ်ပဲ အစကိုပြန်ရောက်သွားတယ်ဆိုရင် ထည့်ထားတဲ့ နာမည် ဒါမှမဟုတ် ဖုန်းနံပါတ်ကို
ပြောင်းလဲပေးဖို့လိုပါလိမ့်မယ်၊
ကဲ ဒီအဆင့်ကိုကျော်သွားပြီးဆိုပါတော့ တစ်ချို့ဟာတွေက Facebook ထဲကိုတန်းဝင်သွားပြီးပွင့်သွား
လိမ့်မယ်၊

 ဖုန်းမှာစာအိတ်တစ်ခုလဲဝင်လာလိမ့်မယ်၊

 ဒီလိုအနေအထားဆိုရင်တော့ သိပ်စိတ်မချရပါဘူး၊
ဘာဖြစ်လို့လဲဆိုတော့ ကုတ်မဖြည့်ရသေးပဲပွင့်သွားတဲ့အတွက်ကြောင့် သိပ်မကြာခင်မှ အကောင့်က၀င်
မရပဲကုတ်တောင်းလာလိမ့်မယ်၊ဒါကြောင့် ၀င်လာတဲ့စာအိတ်ကိုမဖျက်ပဲသိမ်းထားဖို့လိုပါတယ်၊သူတောင်း
တဲ့အခါဖြည့်ဖို့ပေါ့၊
ဟုတ်ပြီး ခနကအဆင့်ကျော်ပြီးတော့ Facebook ထဲမ၀င်ပဲနဲ့ Browse ထဲကိုဝင်သွားခဲ့မယ်ဆိုရင် ၀င်လာတဲ့
စာအိတ်ထဲကကုတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်၊
ဒီလိုလေးပေါ်လာတဲ့ဆိုရင်တော့ မက်ဆေ့ထဲကနံပါတ်ကို Enter Confimation Code Box ထဲမှာထည့်ပေး
ရပါမယ်၊ပြီးရင်တော့ Confirm ပေါ့၊ပြီးရင်တော့အောက်ကပုံလေးပေါ်လာပါမယ်၊

 Confirm ပေါ့........
ဒီလိုလေးပေါ်လာရင်တော့ သူပြထားပေးတဲ့ အက္ခရာအတိုင်းလေးဖြည့်ပေးရပါမယ်၊
ဒီလိုလေးဆက်ပေါ်လာရင် မက်ဆေ့စောင့်ရပါမယ်၊တစ်အောက်ကြာရင် မက်ဆေ့ရောက်လာမယ်၊
အဲ မက်ဆေ့ထဲက နံပါတ်ကို ကွက်လပ်ထဲမှာဖြည့်ထည့်ပေးရပါမယ်၊
  thank you လို့ပေါ်လာရင် OK ပြီးပေါ့...ဒီအဆင့်မှာတင် အကောင့်လျှောက်တာပြီးဆုံးပါပြီး.....
Facebook App ထဲကိုဝင်းရပါမယ်..
အကောင့်ဖြည့်ရမှာက Name မှာ မိမိဖြည့်ထားတဲ့ဖုန်းနံပါတ်ရဲ့ေ၇ှ့ 0 တစ်လုံးကိုဖြုတ်ပြီး +95 ထည့်ပေး
ရပါမယ်၊ဥပမာ(+9599------------)
Password မှာတော့ ဖြည့်ထားတဲ့အတိုင်းထည့်ပြီး Log in ပေါ့၊

ဒီအဆင့်ကတော့ ဓါတ်ပုံထည့်ရမှာပါ၊ရိုတ်ထားပြီးသာပုံဆိုရင်တော့ Choose From Gallery ပေါ့၊
ချက်ချင်ရိုတ်ယူမယ်ဆိုရင်တော့ Take a Photo ပေါ့ ၊ကျန်တဲ့အဆင့်တွေကလွယ်ပါတယ်၊


အားလုံးပဲအဆင်ပြေမယ်ထင်ပါတယ်၊ Gmail နဲ့လျှောက်တဲ့နည်းကကျနော် အားတာနဲ့ဆက်တင်ပေးသွားပါမယ်.......

သြော် မေ့လို့ ......အခုပေးထားတဲ့ Facebook Vesion ကအမြင့်ဖြစ်လို့ မက်ဆေ့ပို့တဲ့အခါ Messenger
လိုပါမယ်၊ အောက်မှာ ဒေါင်းယူလိုက်နော် အိုကေ......

Download Here

No comments:

Post a Comment

သိခဲ့သမျှမပျောက်ပျက်အောင်ပို့အဖြစ်နဲ့တင်ပြီးတစ်စုံတစ်ယောက်တွက်အကျိုးရှိခဲ့တယ်ဆို ရင် ကျေးဇူးမတင်ချင်နေပါစေ..ကိုယ်ကြောင့်အခက်
အခဲတစ်ခုကိုဖြေရှင်းနိုင်လိမ့်မယ်ဆိုတဲ့အသိနဲ့ကျေနပ်နေသူပါ