Huawei G510 LCD မီးမလင်းပြသာနာဖြေရှင်းနည်း

 
  Huawe G510 LCD မလာတာကိုပြုပြင်ပါမယ် အများဆုံးကတော့ရေ၀င်လို့ပေါ့နော်
နက်နက်နဲ့နဲ့တော့မဟုတ်ဘူးဗျာ.
ဆော့ကတ်ကိုကျော်ပြီးတော့ကြိုးဆက်သွားတာပါ
 နောက်တစ်ခုပြောချင်တာက LCD မီးမလင်းတာပဲနော် LCD တစ်ချပ်လုံးမလာရင်တော့နော်လဲမကယ်နိုင်ဘူး.

   အရင်ဆုံး LCD မီးမလာတော့ဘူးဆိုရင် စက်ပြား
ဆော့ကတ် တွေကိုသေချာဆေးကြောပေးပါ ရုပ်ထွက်နေလာသေချာကြည့်ပါ မှိန်မှိန်လေးလာနေတယ်ဆိုရင် LCD ကိုခွာပြီး


LED တွေကိုစစ်ပါ မီတာမှာ X1 ထားပြီးတော့ LED တစ်လုံးချင်ဆီတိုင်းကြည့်ပါ မီးလင်းမလင်းပေါ့ မကောင်းရင်လဲနော်...



 LEDလဲကောင်းတယ်ဆိုရင်တော့ဗို့လိုက်တိုင်းကြည့်မယ်ဗျာ..
စက်ပြားကိုခွာလိုက်ရင် အောက်မှာအပေါက်လေးတစ်ခုရှိတယ် အောက်ပုံကိုကြည့်လိုက်ပါ 
 




အဲအပေါက်ကိုတွေ့တယ်နော်
ဒီအတိုင်ဆိုတိုင်းရခက်တယ်ဗျာ လွယ်အောင်ကြိုးနှစ်ချောင်းဆက်ပြီးတော့အစထုတ်လိုက်မယ် ပြီးရင်ဆော့ကတ်တွေသေချာပြန်ထည့် စက်ဖွင့်ပြီး ခနကဆက်ထားတဲ့ကြိုးနှစ်ချောင်းကိုတိုင်းကြည့်ပါ တစ်ချောင်းမှာက 3.7V ရှိပြီးနောက်တစ်ချောင်းမှာ  0.1V ရှိနေရပါမယ် အဲဗို့တွေရှိမှပဲမီးလင်းမှာပါ

  ကဲတကယ်လို့အဲနေရာမှာဗို့မရှိခဲ့ဘူးဆိုရင်တော့ အောက်ကပြထားပေးတဲ့ပုံအတိုင်း သံဖုံးကိုခွာလိုက်ပါ


ခွာပြီးရင်အောက်ကပုံပြပေးထားတဲ့အတိုင်းတိုင်းကြည့်ပါ

အဲပုံအတိုင်းတိုင်းကြည့်ပါ  ဒိုင်အုတ်အမဲရစ်ပါတဲ့ဘက်အပေါင်းဘက်မှာ 3.7 V ရှိပြီး ဒိုင်းအုတ်နောက်တစ်ဘက်မှာ 4.2 V ရှိပါမယ် ကဲကြိုးကိုဘယ်လိုဆက်မလဲဆိုတော့အောက်ပုံကမြားပြထားပေးနေရာကိုဆက်ရပါမယ်....

   


မြားပြပေးထားတဲ့အတိုင်းလေကြိုးဆက်လိုက်ရုံပါပဲ.....အမှန်တော့ကြိုးဆက်နည်းကိုပုံနှစ်ပုံနဲ့တင်ပြပေးလို့ရပါတယ်..ဒါပေမဲ့အစအဆုံးလုပ်တတ်ရအောင်ရည်ရွယ်ပြီးတော့ သေချာရှင်းပြပေးတာပါ
အဆင်ပြေပါစေဗျာ.............

No comments:

Post a Comment

သိခဲ့သမျှမပျောက်ပျက်အောင်ပို့အဖြစ်နဲ့တင်ပြီးတစ်စုံတစ်ယောက်တွက်အကျိုးရှိခဲ့တယ်ဆို ရင် ကျေးဇူးမတင်ချင်နေပါစေ..ကိုယ်ကြောင့်အခက်
အခဲတစ်ခုကိုဖြေရှင်းနိုင်လိမ့်မယ်ဆိုတဲ့အသိနဲ့ကျေနပ်နေသူပါ