LCD မှန်တွေဖြူနေတာဝါးနေတာနှစ်ထပ်ဖြစ်နေတာကိုကလိကြည့်ရအောင်

  photo 2013-10-21172545_zpsc66904b2.jpg
ကျနော်ကလိကြည့်တာသုံးလုံးလောက်ရပါပြီး  အဆင်ပြေလို့မျှဝေပေးလိုက်တာပါ အရင်ဆုံးသယ်ရင်တို့မှာ မှန်ကွဲတဲ့ LCD တွေကိုမပစ်လိုက်ကြပါနဲ့ အပျက်တွေကိုလဲသုံးသင့်တဲ့နေရာမှာပြန်အသုံးချလို့ရပါတယ် ..အများအာဖြင့်
ဘယ်လို့ ပုံစံနဲ့ပျက်နေတဲ့ LCD မှန်တွေကိုပြုပြင်လို့ရတယ်ဆိုရင်
၁. ဖြူနေတာ
၂.၀ါးနေတာ
၃.အရုပ်နှစ်ထပ်ဖြစ်နေတာ
၎.အရုပ်ပြောင်ပြန်ဖြစ်နေတာတွေစသည်စသည်ပေါ့ ကလိကြည့်ပါမမှားပါဘူး အပျက်တွေပြောတာနော်


အပျက်နဲ့အပျက်ကိုပေါင်းမယ်....ကဲစစို့

အရင်ဆုံးအဲပုံစံတွေဖြစ်နေပြီးဆိုရင် ဆော့ကတ်တွေကိုအရင်စစ်ပါလို့ပြောချင်ပါတယ် ပြီးရင်မှန်အသစ်ရှိရင်လဲမှန်အသစ်နဲ့
ထည့်ကြည့်ပေါ့ အခုပြင်မှာကမှန်နော် ဘုတ်မှာပတ်လမ်းလိုက်တာတွေမပါဘူး ရှင်းရှင်းလေလုပ်သွားမယ်...ဟိဟိ

အဲပုံစံတွေဘာကြောင့်ဖြစ်လဲဆိုတော့ အရင်ပြောပြမယ်...ဟိဟိ..ပို့ရှည်အောင်လို့လိုက်ရေးနေတာဘာမှဟုတ်ဘူး
မှန်ရဲ့အောက်ကကြိုးပြားမှာ ရီစစ္စတာတွေ၊ကွန်ဒင်ဆာတွေ ကြောင့်ပါ တစ်လုံးစီဖြုတ်စစ်တတ်ရင်တော့ စစ်ပြီးတော့
ပျက်တဲ့အလုံးလေးတွေကိုလဲပေးလိုက်ရင် ကောင်းသွားပါတယ် ကျနော်ကတော့မစစ်ဘူး ကြာလို့..ဟိဟိ..
အမြန်နည်းပဲ တစ်တန်းလုံးကိုဖြုတ်လဲတာ မိုက်တယ် အဆင်ကိုပြေလို့ (ပိုင်ရှင်ကိုမှန်လဲမယ်ပြောပြီးတော့ ပြင်လို့ရရင် ကိုယ့်အတွက်ကြီးပဲ) ကဲ ကလိကြည့်လိုက်ကြနော်........

3 comments:

သိခဲ့သမျှမပျောက်ပျက်အောင်ပို့အဖြစ်နဲ့တင်ပြီးတစ်စုံတစ်ယောက်တွက်အကျိုးရှိခဲ့တယ်ဆို ရင် ကျေးဇူးမတင်ချင်နေပါစေ..ကိုယ်ကြောင့်အခက်
အခဲတစ်ခုကိုဖြေရှင်းနိုင်လိမ့်မယ်ဆိုတဲ့အသိနဲ့ကျေနပ်နေသူပါ