Samsung Galaxy Note II MT6589 firmwar တင်နည်း


Clone Note 2 ကို firmware ပြန်တင်မဲ့နည်းလမ်းလေးပါ။ အကြောင်းကြောင်းအမျိုးအမျိုးကြောင့် firmware ပျက်သွားတာတို့ ပြန်မတတ်တာတို့ ဖြစ်နေတဲ့သူငယ်ချင်းများ အဆင်ပြေအောင်ပြန်လည်ဝေမျှပေးတာပါ။


အရင်ဆုံး firmware လေးကို ဒေါင်းလုပ်လုပ်လိုက်ပါ။ တရုတ်ဆိုက်က ဖြစ်လို့ လင့်လေးသေမသွားခင် အမြန်ဆုံးဒေါင်းစေချင်ပါတယ်။





Firmware of Samsung galaxy note ii MT6589(Released on jan 17,2013)


                                                       >>Download<<



ဒေါင်းလုပ် ရလာတဲ့ဖိုင်ကို zip မဖြည်ပဲ format ရိုက်ထားသော sd ကဒ်ထဲသို့ ထည့်ထားလိုက်ပါ။


ဖုန်းကို ပါဝါပိတ်ထားပြီးမှ ထည့်ပါ။ ပြီးရင်တော့ power + (volume +) ကိုပြိုင်တူနှိပ်ပါ ၁၀ စက္ကန့်လောက်အထိပေါ့နော်။ android logo တတ်လာရင်တော့ home ခလုပ်ကို တစ်ချက်နှိပ်လိုက်ပါ။ volume down နဲ့အောက်ဆင်းပြီး

wipe data / factory reset selet ပေးပြီး Power နှိပ်လိုက်ပါ ။

ပြန်တတ်လာရင် wipe cache partition နေရာသွားပြီး power ထပ်နှိပ်လိုက်ပါ။


ပြီသွားရင်တော့ apply update from sdcard ကိုသွားပြီး သူငယ်ချင်းထည့်ထားတဲ့ zip ဖိုင်လေးကိုရွေးပြီး Power နှိပ်ပေးလိုက်ပါ firmware တင်သွားမှာပါ။

အားလုံးပြီးသွားရင် တော့ menu လေးနဲ့ထွက်ပြီး reboot system now ကိုရွေးပေးပြီး power နှိပ်ပေးလိုက်ပါ ဖုန်းက auto power on သွားမှာပါ။ နည်းနည်းလေ့တော့စောင့်နေလိုက်ပါ firmware တင်ခါစဖြစ်လို့ နဲနဲလေးကြာရင် ဖုန်းက တတ်လာပါပြီခင်ဗျာ။ သူငယ်ချင်းအားလုံးကို ပြန်လည်ဝေမျှပေးတာပါ။ အားလုံးအဆင်ပြေကြပါစေ။

1 comment:

  1. လင့်သေနေတယ် အကို ပြန်တင်ပေးပါလား အရေကြီးလိုပါဗျာ
    ကျေးဇူးတင်ပါတယ်

    ReplyDelete

သိခဲ့သမျှမပျောက်ပျက်အောင်ပို့အဖြစ်နဲ့တင်ပြီးတစ်စုံတစ်ယောက်တွက်အကျိုးရှိခဲ့တယ်ဆို ရင် ကျေးဇူးမတင်ချင်နေပါစေ..ကိုယ်ကြောင့်အခက်
အခဲတစ်ခုကိုဖြေရှင်းနိုင်လိမ့်မယ်ဆိုတဲ့အသိနဲ့ကျေနပ်နေသူပါ